Friday 28 November 2008

အနာဂတ်မရှိတဲ့ ရင်ခုန်သံ





နင့်ရဲ့အချစ်တွေကို မရနိုင်မှန်းသိရက်နဲ့
ရင်ဘတ်ကြီးကွဲမတတ် တောင်းခံနေဆဲ၊
အချိန်တိုင်းမျှော်လင့်နေဆဲပါ။ ။

မေ့ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား
မမေ့နိုင်တာက ငါ့ရဲ့အပြစ်တစ်ခုပေါ့၊
မင်းမှာ နှလုံးသားရှိတယ်ဆိုရင်
မင်းနှလုံးသားရဲ့ အောက်မှာ ငါ
ဒူးထောက်လိုက်ပါပြီ........။

ငါ့ရင်ထဲကို လွမ်းစရာတွေ
တပွေ့တပိုက်ကြီး လက်ဆောင်ထည့်ပေးပြီး
နင် ...ညင်သာစွာ ပြေးထွက်သွားတယ်နော်၊

ဘယ်အချိန် ဘယ်အခါဘဲ ဖြစ်ဖြစ်
မင်းလေးကို ငါ့ရင်ခွင့်က ကြိုနေပါတယ်......
အိမ်မက်သေတွေကို ရှင်သန်ခွင့်ပေးပါ....
အနာဂတ်မရှိတဲ့ ရင်ခုန်သံတွေကို
မရပ်ဆိုင်းပါရစေနဲ့နော်။ ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers