Saturday 27 September 2008

အပါယ်ခံ နှလုံးသား

ချွဲချွဲနွဲ့နွဲ့ မင်းရဲ့အသံလေးတွေက
ငါ့ကို လိမ်ညာဖို့ သက်သက်လား.....

ကလေးဆန်တဲ့ မင်းရဲ့အမူအရာလေးတွေက
ငါ့အသဲကိုခွဲဖို့ သက်သက်လား.....

ချိုမြိန်တဲ့ မင်းရဲ့အပြုံးလေးတစ်ခုနဲ့
ငါ့နှလုံးသားကို နှုတ်ယူခဲ့တာလား.....

တိတ်ဆိတ်ငြိမ်သက်တဲ့ ဆောင်းမနက်ခင်းတစ်ခုမှာပဲ
မင်းရဲ့ကြင်နာပြုံးလေးတစ်ပွင့်ကို စွန့်ကြဲပြီးတော့
ငါနှလုံးသားကို နင်းခြေပစ်ခဲ့တယ်နော်.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒုတိယမြောက် " ရိုမီယို "

ကောင်မလေးရယ်.....
မင်းရဲ့အတွေးထဲမှာပဲ ဖြစ်ဖြစ်ပေါ့ကွာ
ခဏလောက် နားခိုခွင့်ပေးပါလား.....?

မင်းရဲ့အချစ်ဦး ဖြစ်ခွင့်မရတော့ပေမဲ့လည်း
ငါ့ရဲ့အချစ်ဦးကတော့ မင်းပဲလေ.....

ငါ မျှော်လင့်တောင်းတနေတာကလည်း
မင်းရဲ့ ဒုတိယမြောက်နှလုံးသားပါ.....

ဖြစ်နိုင်မယ်ဆိုရင်တော့ -
မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ခွင့်ရတဲ့
ဒုတိယမြောက် " ရိုမီယို "ပဲဖြစ်ပါရစေ.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မင်းပျော်ပါစေ

-ကောင်မလေးရယ်.....
ကောက်ကျစ်မှုတွေများတဲ့ မာယာတောထဲမှာ
မင်းလေးက သိပ်လှတဲ့ သမင်မလေးပေါ့။

-ဖြားယောင်းမှုတွေနဲ့ ကျော့ကွင်းတွေအထပ်ထပ်ကြားထဲမှာ
မင်းလေးက အလိုက်သင့်ကခုန်တတ်တဲ့
တောပျော် သမင်မလေးပေါ့နော်။

-မုသားတွေများတဲ့ မုဆိုးတွေကြားထဲမှာ
နေသားတကျဖြစ်နေတဲ့ ရွှေသမင်မလေးက
စိမ်းလန်းနေတဲ့ ငါ့ဥယျာဉ်ထဲမှာ
ဘယ်လိုလုပ် ပျော်ပါးနိုင်ပါ့မလဲနော်.....။

-ငါ သိလိုက်ပါတယ်
ဘာလဲဆိုတော့ မင်းက မုသားဖြူဖြူလေးတွေကိုပဲ
နားဝင်ချိုတတ်တယ်ဆိုတာကိုပါ.....။

-မိုးတိမ်ဆိုတဲ့ ငါကလည်း
မင်းကို အမြဲပျော်ရွှင်စေချင်တာဆိုတော့
မင်းပျော်နေတာကိုပဲ ပြုံးလျှက်ကြည့်နေမှာပါ.....။
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers