Sunday 14 December 2008

သိပ်ချစ်တယ်....ချစ်သူ









-တစ်ယောက်တည်းပဲ နေတတ်တဲ့ ငါ
အရာရာဟာ နင်နဲ့စတွေ့မှပါဟာ......

-နင်နဲ့တွေမှ အဖော်မင်တတ်တဲ့ ငါ
အခုတော့လည်း ထုံးစံအတိုင်း
တစ်ယောက်တည်းပါ.........။

-နင်နဲ့တွေ့မှ လေးနက်မှုထားတတ်တဲ့ ငါ
အခုတော့လည်း လေးလေးနက်နက်
နင်ပြောခဲ့တာက ငါ့ကိုမေ့လိုက်ပါတဲ့...။

-နင်နဲ့တွေ့မှ သတိရတတ်တဲ့ ငါ
အခုတော့လည်း သတိရတိုင်း
ဒဏ်ရာတွေ ရင်နဲ့မဆံ့ဘူး......။

-နင်နဲ့တွေ့မှ ချစ်တတ်ခဲ့တဲ့ ငါ
အခုတော့လည်း ဘယ်သူ့ကိုမှ
မချစ်ဝံ့တော့ဘူး..............။

-နင်နဲ့တွေ့မှ လွမ်းတတ်ခဲ့တဲ့ ငါ
အခုတော့လည်း အလွမ်းတိုင်းဟာ
ဒဏ်ရာတွေနဲ့ နာကျင်စေပါတယ်.......။

-နင့်ကို ချစ်တဲ့ အချစ်တွေ
ငါ့ရင်ထဲမှာ အမြဲတမ်းရှိတယ်ဆိုတာ
နင်သိရင် ငါကျေနပ်ပါပြီ.......။

-ရိုးသားသော ချစ်ခြင်းများဖြင့်
ဖြူစင်သော မေတ္တာများနှင့်
ငါ နင့်ကို သိပ်ချစ်တယ် ချစ်သူ…...။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday 28 November 2008

အနာဂတ်မရှိတဲ့ ရင်ခုန်သံ





နင့်ရဲ့အချစ်တွေကို မရနိုင်မှန်းသိရက်နဲ့
ရင်ဘတ်ကြီးကွဲမတတ် တောင်းခံနေဆဲ၊
အချိန်တိုင်းမျှော်လင့်နေဆဲပါ။ ။

မေ့ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား
မမေ့နိုင်တာက ငါ့ရဲ့အပြစ်တစ်ခုပေါ့၊
မင်းမှာ နှလုံးသားရှိတယ်ဆိုရင်
မင်းနှလုံးသားရဲ့ အောက်မှာ ငါ
ဒူးထောက်လိုက်ပါပြီ........။

ငါ့ရင်ထဲကို လွမ်းစရာတွေ
တပွေ့တပိုက်ကြီး လက်ဆောင်ထည့်ပေးပြီး
နင် ...ညင်သာစွာ ပြေးထွက်သွားတယ်နော်၊

ဘယ်အချိန် ဘယ်အခါဘဲ ဖြစ်ဖြစ်
မင်းလေးကို ငါ့ရင်ခွင့်က ကြိုနေပါတယ်......
အိမ်မက်သေတွေကို ရှင်သန်ခွင့်ပေးပါ....
အနာဂတ်မရှိတဲ့ ရင်ခုန်သံတွေကို
မရပ်ဆိုင်းပါရစေနဲ့နော်။ ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday 5 October 2008

လတစ်စင်း

ဪ.....ဆောင်းရာသီရယ်
ဘာလို့များ ညတာရှည်ရတာလဲ.....

လမိုက်ညရဲ့ ကောင်းကင်ကိုကြည့်
လွမ်းလွန်းလို့ ခေါင်းမော့မိပါ၏။

ကျွန်တော့်အတွေးထဲ ဖျတ်ခနဲ့ပြေးလွှား
ချစ်သူ၏ ပုံရိပ်များပါပဲ...။

မူဟန်ပိုပို မျက်နှာလေးက
ခုချိန်ထိ မြင်ယောင်နေဆဲပဲ။

ရယ်သံချိုချိုလေးတွေက မ၀သေရည်လိုပဲ
ခုချိန်ထိ သောက်သုံးချင်ဆဲပါ။

အနားမှာ မင်းမရှိတဲ့ညတွေဟာ
အရမ်းကို အထီးကျန်နေဆဲပါ။

တစ်ကြိမ်လွမ်းလို့သာ ကြယ်တစ်လုံးမြေခ မယ်ဆိုရင်
ကောင်းကင်ပြင်မှာ လတစ်စင်းသာ
ချစ်သူ မြင်နိုင်မှာပါ ။ ။
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday 27 September 2008

အပါယ်ခံ နှလုံးသား

ချွဲချွဲနွဲ့နွဲ့ မင်းရဲ့အသံလေးတွေက
ငါ့ကို လိမ်ညာဖို့ သက်သက်လား.....

ကလေးဆန်တဲ့ မင်းရဲ့အမူအရာလေးတွေက
ငါ့အသဲကိုခွဲဖို့ သက်သက်လား.....

ချိုမြိန်တဲ့ မင်းရဲ့အပြုံးလေးတစ်ခုနဲ့
ငါ့နှလုံးသားကို နှုတ်ယူခဲ့တာလား.....

တိတ်ဆိတ်ငြိမ်သက်တဲ့ ဆောင်းမနက်ခင်းတစ်ခုမှာပဲ
မင်းရဲ့ကြင်နာပြုံးလေးတစ်ပွင့်ကို စွန့်ကြဲပြီးတော့
ငါနှလုံးသားကို နင်းခြေပစ်ခဲ့တယ်နော်.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒုတိယမြောက် " ရိုမီယို "

ကောင်မလေးရယ်.....
မင်းရဲ့အတွေးထဲမှာပဲ ဖြစ်ဖြစ်ပေါ့ကွာ
ခဏလောက် နားခိုခွင့်ပေးပါလား.....?

မင်းရဲ့အချစ်ဦး ဖြစ်ခွင့်မရတော့ပေမဲ့လည်း
ငါ့ရဲ့အချစ်ဦးကတော့ မင်းပဲလေ.....

ငါ မျှော်လင့်တောင်းတနေတာကလည်း
မင်းရဲ့ ဒုတိယမြောက်နှလုံးသားပါ.....

ဖြစ်နိုင်မယ်ဆိုရင်တော့ -
မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ခွင့်ရတဲ့
ဒုတိယမြောက် " ရိုမီယို "ပဲဖြစ်ပါရစေ.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers