Sunday 14 December 2008

သိပ်ချစ်တယ်....ချစ်သူ









-တစ်ယောက်တည်းပဲ နေတတ်တဲ့ ငါ
အရာရာဟာ နင်နဲ့စတွေ့မှပါဟာ......

-နင်နဲ့တွေမှ အဖော်မင်တတ်တဲ့ ငါ
အခုတော့လည်း ထုံးစံအတိုင်း
တစ်ယောက်တည်းပါ.........။

-နင်နဲ့တွေ့မှ လေးနက်မှုထားတတ်တဲ့ ငါ
အခုတော့လည်း လေးလေးနက်နက်
နင်ပြောခဲ့တာက ငါ့ကိုမေ့လိုက်ပါတဲ့...။

-နင်နဲ့တွေ့မှ သတိရတတ်တဲ့ ငါ
အခုတော့လည်း သတိရတိုင်း
ဒဏ်ရာတွေ ရင်နဲ့မဆံ့ဘူး......။

-နင်နဲ့တွေ့မှ ချစ်တတ်ခဲ့တဲ့ ငါ
အခုတော့လည်း ဘယ်သူ့ကိုမှ
မချစ်ဝံ့တော့ဘူး..............။

-နင်နဲ့တွေ့မှ လွမ်းတတ်ခဲ့တဲ့ ငါ
အခုတော့လည်း အလွမ်းတိုင်းဟာ
ဒဏ်ရာတွေနဲ့ နာကျင်စေပါတယ်.......။

-နင့်ကို ချစ်တဲ့ အချစ်တွေ
ငါ့ရင်ထဲမှာ အမြဲတမ်းရှိတယ်ဆိုတာ
နင်သိရင် ငါကျေနပ်ပါပြီ.......။

-ရိုးသားသော ချစ်ခြင်းများဖြင့်
ဖြူစင်သော မေတ္တာများနှင့်
ငါ နင့်ကို သိပ်ချစ်တယ် ချစ်သူ…...။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers