Wednesday 7 May 2008

မာနမဲ့စွာ

ပြက်ရယ်ပြုမှုကို ခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကျည်းရက်ပါလေ။

တန်ဖိုးမထားမှုကို ခံစားရသည့်အခါ
မကျေနပ်မှု ခံစားရတတ်သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောက်မြိုက်စွာ ပူပန်ခဲ့ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍မရနိုင်ပါလေ။

စတွေ့သည်မှ
ငါသည် သင့်အား
မာနတရားကို ပေးဆပ်ထားခဲ့သောကြောင့်တည်း။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရင်ကွဲရမှာ ကြောက်ပါ၏.....!

သို့....... ကောင်မလေးရယ်
မင်းရဲ့ အမုန်း
မင်းရဲ့ ခါးသီးမှုတွေကို
ငါ ခံနိုင်ရည်မရှိလို့
မင်းကို ငါ့......
ချစ်ခွင့်တောင် မပန်ခဲ့ပါဘူးကွာ၊

ဒါတောင်မှနော်.....
မင်းရဲ့ ခါးသီးမှုတွေက
ငါ့ဆီကို ရက်ရက်လျောလျော
ပေးအပ်နေတုန်းပါပဲလား၊

ကျေးဇူးပြုပြီး.....
မင်းရဲ့ အမုန်းတရားတွေကို
ငါ့ဆီမှာ မအပ်နှင်းပါနဲ့နော်...
ငါ ရင်ကွဲရမှာကြောက်သလို
ခံနိုင်ရည်လည်း မရှိလို့ပါကွာ...
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers