Saturday 26 April 2008

ချစ်သူသိစေရန်

သို့…………ချစ်သူ
မင်းရဲ့  ဆံနွယ်ရှည်လေးတွေ တိုသွားမှာကို
ငါ့မျက်နှာ အိုသွားမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်

မင်းရဲ့  အလှလေးတွေ ပျောက်ဆုံးသွားမှာကို
ငါ့ခန္ဓာပျက်သုဉ်းသွားမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်

မင်းရဲ့ မျက်ရည်ဥလေးတွေ ပြိုကျလာမှာကို
ငါ့အသက် မြေခမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်…

ဒါပေမဲ့…………ချစ်သူရယ်
မင်းရဲ့  မယုံကြည်ဘူးဆိုတဲ့စကားကိုတော့
ငါ့ရဲ့  သစ္စာတရားက မကြောက်ရွံ့  ခဲ့ပါဘူး…..
( မိုးတိမ် )


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers