Wednesday 7 May 2008

မာနမဲ့စွာ

ပြက်ရယ်ပြုမှုကို ခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကျည်းရက်ပါလေ။

တန်ဖိုးမထားမှုကို ခံစားရသည့်အခါ
မကျေနပ်မှု ခံစားရတတ်သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောက်မြိုက်စွာ ပူပန်ခဲ့ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍မရနိုင်ပါလေ။

စတွေ့သည်မှ
ငါသည် သင့်အား
မာနတရားကို ပေးဆပ်ထားခဲ့သောကြောင့်တည်း။

0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers