Saturday 27 September 2008

အပါယ်ခံ နှလုံးသား

ချွဲချွဲနွဲ့နွဲ့ မင်းရဲ့အသံလေးတွေက
ငါ့ကို လိမ်ညာဖို့ သက်သက်လား.....

ကလေးဆန်တဲ့ မင်းရဲ့အမူအရာလေးတွေက
ငါ့အသဲကိုခွဲဖို့ သက်သက်လား.....

ချိုမြိန်တဲ့ မင်းရဲ့အပြုံးလေးတစ်ခုနဲ့
ငါ့နှလုံးသားကို နှုတ်ယူခဲ့တာလား.....

တိတ်ဆိတ်ငြိမ်သက်တဲ့ ဆောင်းမနက်ခင်းတစ်ခုမှာပဲ
မင်းရဲ့ကြင်နာပြုံးလေးတစ်ပွင့်ကို စွန့်ကြဲပြီးတော့
ငါနှလုံးသားကို နင်းခြေပစ်ခဲ့တယ်နော်.....
( မိုးတိမ် )


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers