Sunday 5 October 2008

လတစ်စင်း

ဪ.....ဆောင်းရာသီရယ်
ဘာလို့များ ညတာရှည်ရတာလဲ.....

လမိုက်ညရဲ့ ကောင်းကင်ကိုကြည့်
လွမ်းလွန်းလို့ ခေါင်းမော့မိပါ၏။

ကျွန်တော့်အတွေးထဲ ဖျတ်ခနဲ့ပြေးလွှား
ချစ်သူ၏ ပုံရိပ်များပါပဲ...။

မူဟန်ပိုပို မျက်နှာလေးက
ခုချိန်ထိ မြင်ယောင်နေဆဲပဲ။

ရယ်သံချိုချိုလေးတွေက မ၀သေရည်လိုပဲ
ခုချိန်ထိ သောက်သုံးချင်ဆဲပါ။

အနားမှာ မင်းမရှိတဲ့ညတွေဟာ
အရမ်းကို အထီးကျန်နေဆဲပါ။

တစ်ကြိမ်လွမ်းလို့သာ ကြယ်တစ်လုံးမြေခ မယ်ဆိုရင်
ကောင်းကင်ပြင်မှာ လတစ်စင်းသာ
ချစ်သူ မြင်နိုင်မှာပါ ။ ။
( မိုးတိမ် )


2 comments:

ပျံသန်းခြင်းရပ်ဝန်း said...

အချစ်နဲ့ဝေးနေတဲ့ခံစားမှုလေးကို
ဝေမျှခံစားပေးပါတယ်...
လတစ်စင်း လင်းနိုင်ပါစေဗျာ...


ခင်မင်လျက်..
နွေသူရ

ကဗျာကုန်တိုက်ငယ် said...

ကျွန်တော့် ရင်ထဲမှာ အမြဲတမ်း ထွန်းလင်းနေမဲ့ လတစ်စင်းပါဗျာ..........

ဒီဇိုင်း : Free Skin For Myanmar Bloggers