Tuesday 13 May 2008

ကျောင်းတော်က သူငယ်ချင်း အ၀ါ

လွမ်းတယ် ကောင်မလေးရယ်...
ဘယ်ကဗျာတွေဆီကိုပဲ ရောက်ရောက်
နင့်ရဲ့စိတ်ကို တံခါးလှမ်းလှမ်း ခေါက်မိတယ်...

ငါ့ကို ငါ့လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း...

ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တခါးကပွင့်မလာခဲ့ဘူး...

ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး...
အစကတည်းက
သူငယ်ချင်းဆိုတာ - ဆွတ်ခူးဖို့မှမဟုတ်တာဘဲ...
( တာရာမင်းဝေ )

0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers