Thursday 3 July 2008

စိတ်နာချင်ပါတယ်..

အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်
မင်းကို အရမ်းချစ်ခဲ့မိပါတယ်....

ဒါပေမဲ့ မထိမဲ့မြင် ဆက်ဆံမှုတွေက
မျိုသိပ်ထားတဲ့ ငါ့မာနတွေကို
တဖြည်းဖြည်းနဲ့ တူးဆွနေသလိုပဲကွာ...
ငါ့မှာလည်း ခံစားချက်ရှိတာပေါ့ကွာ...

" လွမ်းစရာရှိရင်
နာစရာနဲ့ ဖြေတဲ့"
အဲ့ဒီစကားပုံကတော့ ရှိပါရဲ့...

ဒါပေမဲ့ မင်းကို ငါ့က
စိတ်နာလို့မှ မရတာ...

မင်းကို မေ့ထားလို့ ရတဲ့ဆေးရှိရင်
ငါ့ကို ပေးပါအုံးနော်.....
( မိုးတိမ် )


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers