Wednesday 6 August 2008

Copy တွေနဲ့ချစ်သူ

ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။

သူမက လူများတွေကို စိတ်ချမ်းသာစေချင်တယ်လေ။

ဒါပေမဲ့ လူများတွေက စိတ်ချမ်းသာရပေမဲ့

ကျွန်တော်က ကြေကွဲစွာဖြင့် ၀မ်းနည်းနေရတယ်ဗျာ။

ဘာလို့လဲဆိုတော့ - သူမမှာ မိတ္တူကူးစက်တစ်လုံးရှိလို့ပါ။

သူမကို ချစ်ရေးလာဆိုတဲ့ သူတွေကို အရင်ဆုံးတော့ ငြင်းဆန်ပါတယ်။

ငြင်းဆန်လို့မရတဲ့အခါကျရင်တော့....

သူမ Copy ကူးထားတဲ့ စာရွက်လှလှလေးတွေကို

ထုတ်သုံးလေ့ရှိပါတယ်။

" ချစ်ပါတယ် " လို့ ရေးထားတဲ့ စာရွက်လေးပေါ့ဗျာ။

သူများတွေ ပျော်ရွှင်နေတဲ့အချိန်မှာ .....

ကျွန်တော် ဘာကြောင့် ကြေကွဲနေရတယ်ဆိုတာတော့

သူငယ်ချင်းတို့ သိလောက်ပါပြီနော်...

( မိုးတိမ် )


2 comments:

ဖြိုးငယ် said...

ဟင်း .. တစ်မျိုးကြီးပဲ

သက်ထွန်းညိမ်း said...

အဟား.....မိုက်တယ်ကွာ..
ခံစားချက်တွေကောင်းလို့လားမသိဘူး
ကဗျာတွေကောင်းတယ် အားပေးတယ်ဗျို့...

ဒီဇိုင်း : Free Skin For Myanmar Bloggers