Saturday 5 July 2008

ဝိုးတ၀ါးအရိပ်လေး

ကောင်မလေးရယ်.....
မင်းကသာ ပန်းကလေးတစ်ပွင့်ဆိုရင်ပေါ့
ငါက - မင်းကို အလွတ်တကူမဆွတ်ချူနိုင်အောင်
ကာကွယ်ပေးချင်တဲ့ ပန်းစောင့်ဘီလုးတစ်ကောင်ပါ

ကောင်မလေးရယ်.....
မင်းကသာ ငှက်ကလေးတစ်ကောင်ဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာပျံသန်းနိုင်ဖို့
အသန့်ရှင်ဆုံး လေထုတစ်ခုပါ

ကောင်မလေးရယ်.....
မင်းကသာ တိမ်တိုက်လေးတစ်ခုဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာ လွှင့်မျောနိုင်ဖို့အတွက်
ကျယ်ပြန်တဲ့ ကောင်းကင်ကြီးတစ်ခုပါ

ကောင်မလေးရယ်.....
မင်းကသာ လိပ်ပြာငယ်လေးဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာ ဆော့ကစားနိုင်စေဖို့
လှပတဲ့ ပန်းပွင့်လေးတွေကိုပဲ ဖန်တီးပေးမဲ့
ဥယျာဉ်မှုးတစ်ယောက်ပါ

ကောင်မလေးရယ်.....
ငါက - မင်းနဲ့သာပတ်သက်နေရမယ်ဆိုရင်ပေါ့
မပီဝိုးတ၀ါး အရိပ်လေးတွေပဲဖြစ်နေပါစေ
ပျော်ရွှင်စွာနဲ့ လက်ခံနေမဲ့သူပါဟာ

ကောင်မလေးရယ်.....
ငါ့ကို မသေချာတဲ့ ၀ိုးတ၀ါးအရိပ်လေးတစ်ခုတော့
ဖြစ်ခွင့်ပြုပါနော်....
( မိုးတိမ် )


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers