Saturday 27 September 2008

မင်းပျော်ပါစေ

-ကောင်မလေးရယ်.....
ကောက်ကျစ်မှုတွေများတဲ့ မာယာတောထဲမှာ
မင်းလေးက သိပ်လှတဲ့ သမင်မလေးပေါ့။

-ဖြားယောင်းမှုတွေနဲ့ ကျော့ကွင်းတွေအထပ်ထပ်ကြားထဲမှာ
မင်းလေးက အလိုက်သင့်ကခုန်တတ်တဲ့
တောပျော် သမင်မလေးပေါ့နော်။

-မုသားတွေများတဲ့ မုဆိုးတွေကြားထဲမှာ
နေသားတကျဖြစ်နေတဲ့ ရွှေသမင်မလေးက
စိမ်းလန်းနေတဲ့ ငါ့ဥယျာဉ်ထဲမှာ
ဘယ်လိုလုပ် ပျော်ပါးနိုင်ပါ့မလဲနော်.....။

-ငါ သိလိုက်ပါတယ်
ဘာလဲဆိုတော့ မင်းက မုသားဖြူဖြူလေးတွေကိုပဲ
နားဝင်ချိုတတ်တယ်ဆိုတာကိုပါ.....။

-မိုးတိမ်ဆိုတဲ့ ငါကလည်း
မင်းကို အမြဲပျော်ရွှင်စေချင်တာဆိုတော့
မင်းပျော်နေတာကိုပဲ ပြုံးလျှက်ကြည့်နေမှာပါ.....။
( မိုးတိမ် )


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers