Thursday 3 July 2008

မဆုံးရှုံးပါရစေနဲ့......ကောင်မလေးရယ်

ကောင်မလေးရယ်.....

ငါက တာရာမင်းဝေ ရေးတဲ့ဝတ္ထုထဲကလို့ပဲ.....

ကော်ဖီခွက်ကိုပဲ သတ္တိရှိရှိနဲ့ ချစ်ရေးဆိုရဲခဲ့သူပါ.....

နင့်ကို ငါခံစားနေရတာတွေ

အသိပေးဖို့ ကြံရွယ်လိုက်တိုင်းပေါ့...

နင့်ရဲ့နားမှာ ပျံဝဲနေတဲ့ ပျားပိတုန်းတွေက

ငါ့ထက် အစစ အရာရာ သာနေတဲ့အတွက်

ငါ့ကလဲ နင့်ကို စိတ်ထဲကနေပဲ ပြောရဲခဲ့သူပါ....

ငါ့စိတ်ထဲက ပြောနေတာတွေကို

နင့်ကို ကြားစေချင်ပေမဲ့.....

ဖွင့်ဟ ၀န်ခံဖို့ သတ္တိမှ ငါ့မှာ မရှိတာ.....

နင့်ကို မဆုံးရှုံးပါရစေနဲ့......ကောင်မလေးရယ်။

(မိုးတိမ်)


0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers